Global Witness ၏ယနေ့ ထုတ်ဝေသော သုတေသနဆောင်းပါး သည် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် နှင့် မိသားစု အပါအဝင် တပ်မတော်၏ထိပ်သီး ပုဂ္ဂိုလ်များ အထိ ကျောက်စိမ်းလုပ်ငန်းအတွင်း အကျင့်ပျက်ခြစားမှုများ တွေ့ရှိသည်ဟု ဖော်ပြပါသည်။ စစ်အာဏာသိမ်းချင်းကြောင့် ဤပဋိပက္ခများသော ကျောက်စိမ်းလုပ်ငန်းတွင် အကြမ်းဖက်မှုများပိုမိုများလာပြီး လက်နက်ကိုင်အဖွဲ့များ ဤ ဒေါ်လာ ဘီလီယံများစွာချီ တန်ဖိုးရှိသော သတ္တုတူးဖော်ရေးလုပ်ငန်းအား ဆုပ်ကိုင်ထားချင်းသည် အဘယ်သို့အန္တာရယ်များသည်ကို ပြသပါသည်။

Global Witness ၏ အစီရင်ခံချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော အရပ်သားအစိုးရ သည် ဤကြွယ်ဝသော ကျောက်စိမ်းလုပ်ငန်းအား ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း မြန်မာ့တပ်မတော်သည် ဤလုပ်ငန်းအား ပိုမိုချုပ်ကိုင်လာခဲ့သည်။ တွေ့ရှိချက်များအရ ကျောက်စိမ်းလုပ်ငန်းသည် ယခင်ကထက် ပိုမို အကျင့်ပျက်ခြစားမှု များဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်တွင် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပေါ်စေပြီး ကာကွယ်ရေး ဦး စီးချုပ် ဖြစ်သူ နှင့် အာဏာသိမ်းသူဖြစ်သော မင်းအောင်လှိုင် ၏ မိသားစု အပါအဝင် တပ်မတော် အားထောက်ပံ့ခဲ့သည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းချင်းကြောင့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းတူးဖော်သော ဒေသများတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်် စေပြီး ဤလုပ်ငန်းတွင် ဥပဒေချိုးဖောက်မှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာ၏ NLD အစိုးရသစ်သည် ကျောက်စိမ်းလိုင်စင်များအား ရပ်ဆိုင်းပြီး ဤ ပြဿနာများနေသော ကျောက်စိမ်းလုပ်ငန်းအား ပြုပြင်ပြောင်းလဲ မည်ဟု ကတိပေးခဲ့ပါသည်။ သို့သော်လည်း ယနေ့ အစီရင်ခံစာ ဖြစ်သော ကျောက်စိမ်း နှင့် ပဋိပက္ခ - မြန်မာနိုင်ငံ၏ အဆိုးသံသရာ (Jade and Conflict: Myanmar's Vicious Circle) သည် တပ်မတော် အရာရှိများ၊ တပ်မတော် ကုမ္ပဏီ များ နှင့် ၎င်းတို့၏ စီးပွါးရေး မဟာမိတ်များသည် ဤလုပ်ငန်းတွင် ၎င်းတို့သည် ဆက်လက်လွမ်းမိုးနိုင်ရန် ဤလိုင်စင်ရပ်ဆိုင်းချင်းများအား အရေးပေးချင်းမရှိ၍ ပြုပြင်ပြောင်းလဲချင်းများအား အဆင့်ဆင့်တတ်နိုင်သမျှ ခုခံခဲ့သည်။

တွေ့ရှိချက်များအရ တပ်မတော် ၏ လုပ်ငန်းစုကြီး ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သည် လိုင်စင်များရပ်ဆိုင်းလိုက်ချိန်တွင် လိုင်စင်အများဆုံး ပိုင်ဆိုင်ခဲ့ပါသည်။ ထိုအချိန်မှာ လိုင်စင် အခု ၁၁၀၀ ပိုင်ဆိုင်ထားသော ၎င်းလုပ်ငန်းစုသည် ၂၀၁၆ နှစ် အစောပိုင်းတွင် NLD အစိုးရမတက်မှီ လအနည်းငယ်အလိုတွင် ဤကျောက်စိမ်း အရင်းအမြစ်များအားပိုင်ဆိုင်ရန် စိုးရွံ့စွာနှင့် လိုင်စင် ၆၃၉ ခု  (၅၈ ရာခိုင်နှုန်း) ရယူနိုင်ရန် လုပ်ဆောင်ခဲ့သည်။ MEHL ၏ လက်အောက်တွင် မရှိသော လိုင်စင်အများဆုံးပိုင်ဆိုင်သော အဖွဲ့သည် လိုင်စင် ၂၈၅ ခုသာ ပိုင်ဆိုင်သည်။ ထိုအရာသည် မြန်မာ တပ်မတော်သည် ဤလုပ်ငန်း၌ ကြီးမားသော လွှမ်းမိုးချင်းရှိသည် ကိုဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ ဖော်ပြချက်များအရ မြန်မာတပ်မတော် ၏ ဘီလီယံများစွာ တန်ဖိုးရှိသော ကျောက်စိမ်းကုန်သွယ်ရေး အား ပိုမိုချုပ်ကိုင်ချင်းသည် တပ်မတော်သည် အခြားသော မြန်မာနိုင်ငံ၏ စီပွါးရေးအတွက် တန်ဖိုးရှိသော လုပ်ငန်းများအား ချုပ်ကိုင်ထားချင်း ကို ဥပမာပြသည်။ ဤချုပ်ကိုင်ချင်းမှရရှိသော ရန်ပုံငွေများအားဖြင့် ၎င်းတို့၏ အလွဲသုံးစားမှုများအားထောက်ပံ့ပြီး ပဋိပက္ခများ ဖြစ်ပေါ်စေပြီး ၎င်းတို့၏ မကြာမီက အာဏာသိမ်းချင်းအား အောင်မြင်စွာဖြစ်ပေါ်နိုင်စေခဲ့သည်” ဟု Global Witness ၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဖြစ်သော Keel Dietz ကပြောကြားပါသည်။

ဤအစီရင်ခံစာသည် ကျောက်စိမ်းနှင့် ပတ်သက်သော အကျင့်ပျက်ခြစားမှုများတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအား လက်ရှိ စိုးမိုးသူ မင်းအောင်လှိုင် နှင့် မိသားစုလည်း ပါဝင်ကြောင်း ဖော်ပြပါ၏။ ၎င်း၏သားသည်လည်း ကျောက်စိမ်းတူးဖော်မှုနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှု များရှိသည်ဟု စွပ်စွဲခံထားရပါသည်။ မင်းအောင်လှိုင် သည်လည်း ရိုဟင်ဂျာများ နှင့် အခြားတိုင်းရင်းသားများ အပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် US နှင့် UK ၏ နာမည်ပျက်စာရင်းတွင် အထည့်ခံရပြီး ဖြစ်ပါသည်။

“လွန်ခဲ့သော နှစ်များတွင် မင်းအောင်လှိုင် သည် လူသားမျိုးနွယ်များအပေါ် အဆိုးဆုံးသော ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့သော သူတစ်ဦးဖြစ်ပါသည်။ အခုအချိန်မှာလည်း ၎င်း၏ အာဏာသိမ်းချင်းကြောင့် မြန်မာနိုင်ငံအား အမှောင် ဆုံးနေ့ရက်များသို့ ပြန်ပို့လိုက်သလို ဖြစ်နေပါသည်” ဟု Dietz ကပြောပါသည်။ “၎င်း၏မိသားစုသည် ကျောက်စိမ်း လုပ်ငန်း ၏ အကျင့်ပျက်ခြစားမှု များတွင်ပါဝင်ချင်းသည် အများအတွက် အံ့ဩဖွယ် မကောင်းသော်လည်း ဤကြွယ်ဝသော လုပ်ငန်းအာ NLD သည် ကြိုးစားပြုပြင်ပြောင်းလဲသော်လည်း ဤလုပ်ငန်းအားဖြင့် တပ်မတော်၏ ထိပ်သီးပုဂ္ဂိုလ်များ သည် ၎င်းတို့၏ အာဏာ နှင့် လွှမ်းမိုးမှုများ အား ဆက်လက်ထိန်းသိမ်းထားပြီး တစ်နိုင်ငံလုံးတွင် ပဋိပက္ခများစွာ ဆက်လက်ဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါသည်” ဟု Dietz သည်ဆက်လက် ပြောကြားပါသည်။

တပ်မတော်၏ အကျိုးစီးပွါးသည် ကျောက်စိမ်းလုပ်ငန်းအား ပိုမိုလွှမ်းမိုးလာသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဤကျောက်စိမ်း ကုန်သွယ်ရေးတွင် ပိုမိုပါဝင်လာသည်။ ဤအစီရင်ခံစာသည် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်/ပါတီ (UWSA/UWSP) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မည်ကဲ့သို့ပါဝင်သည်ကို ဖော်ပြထားသည်။ ဤသုတေသနဆောင်းပါးအရ မကြာသေးမီ နှစ်များတွင် ရက္ခိုင့်တပ်တော် သည် ဤကျောက်စိမ်းလုပ်ငန်းတွင် ထင်းရှားစွာ မည်သို့ပါဝင်လာသည်ကို ဖော်ပြထားသည်။

ကောင်းမွန်စွာ ကြီးကြပ်ချင်း နှင့် ဥပဒေလိုက်နာစေရန် လုပ်ဆောင်ချင်း မရှိသော ကြောင့် NLD ၏ ၂၀၁၆ ခုနှစ်တွင် ကျောက်စိမ်း လိုင်စင်များ ရပ်ဆိုင်းချင်း သည် တပ်မတော်နှင့် ဆက်စပ်နေသော ကုမ္ပဏီများနှင့် အခြားလက်နက်ကိုင်အဖွဲ့များသည် တရားမဝင် ဆိုးရွားသော တူးဖော်ချင်းများ ပိုမိုများလာပြီး ကျောက်စိမ်း နှင့် ပဋိပက္ခများနှင့် ဆက်နွယ်သော ဤဆိုးသွမ်းသော သံသရာ အား ဆက်လက်တည်မြဲစေပါသည်။ မြန်မတပ်မတော်၏ ခါးသီးသော ရန်သူများသည်လည်း လိုင်စင်များ မဆုံးရှုံးခင် ကျောက်စိမ်းအား ရသလောက်တူးဖော်နိုင်ရန် တပ်မတော်နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။ တခါတရံ လိုင်စင်သက်တမ်း ကုန်ဆုံးသွားသော မြေများတွင်လည်း အတူပူးပေါင်း တူးဖော်ခဲ့သည်။

“တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော်၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် ရက္ခိုင့်တပ်တော် တို့သည် အခြားနေရာများတွင် အချင်းချင်းကြား ပြဿနာများရှိသော်လည်း ကျောက်စိမ်းတူးဖော်ရေးနှင့် ပတ်သက်လာလျှင် ကျောက်စိမ်းကို လျင်မြန်စွာ နှင့် တာဝန်မဲ့ ယိုယင်းစွာ တူးဖော်ရန် ဘုံ ဦတည်ချက် ရှိကြောင်း” Dietz ကပြောပါသည်။

ဤအစီရင်ခံစာ သည် ဖားကန့်မှ ကျောက်စိမ်းအားဖြင့် ရရှိသော ဝင်ငွေများသည် လက်နက်ရောင်းဝယ်ရေး များနှင့်ဆက်နွယ်နေသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အကြမ်းဖက် ပဋိပက္ခများ ပိုမိုများလာသည်။ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ၎င်းတို့စက်ရုံများတွင် ကိုယ်တိုင် ထုတ်လုပ်သော လက်နက်များအား ကျောက်စိမ်းနှင့် ပတ်သက်သော အခွန်အနေဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် သို့ပေးပို့ပြီး ဤလက်နက်များအား  ကချင်လွတ်မြောက်ရေးတပ်မတော် သည် ရက္ခိုင့်တပ်တော်သို့ လျှော့ဈေးဖြင့် ပြန်လည်ရောင်းချပါသည်။ တွေ့ရှိချက်များအရ ရက္ခိုင့်တပ်တော် သည် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်ပူးပေါင်း၍ ကျောက်စိမ်းနှင့် ပတ်သက်သော ဝင်ငွေများအား ကောက်ခံပြီး ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တွင် မြန်မာတပ်မတော် အားတိုက်ခိုက်ရေးအတွက် ပြန်လည် အသုံးပြုပါသည်။

Global Witness ၏ ခန့်မှန်းချက်အရ ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းအထိ ပြည်ပ သို့ (အများဆုံး တရုပ်ပြည်သို့) မှောင်ခိုကူးမှုအားဖြင့် ရောက်ရှိခဲ့ပါ၏။ ဤအချက်အလက်သည် ဤလုပ်ငန်း၏ တရားမဝင်သော သဘာဝအား ပြထန်းသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းချင်းကြောင့် ကျောက်စိမ်းလုပ်ငန်းသည် မသေချာမရေရာ ချင်းများ ဖြစ်လာခဲ့ပါသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နတ်ကိုင်များကြား ပူးပေါင်းလုပ်ဆောင်ချင်းအစား ကျောက်စိမ်းတူးဖော်သော နယ်မြေများတွင် ပြန်လည် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဤအရာသည် ကျောက်စိမ်းနှင့် ပဋိပက္ခများသည် ဒွန်တွဲလျက်ရှိသည်ကို ထင်ရှားအောင်ပြသပါသည်။ အာဏာသိမ်းပြီးနောက် မတည်မငြိမ်ချင်း သည် ကျောက်စိမ်းနှင့်ပတ်သက်သော အကျင့်ပျက်ခြစားမှုများ ပိုမိုဖြစ်ပေါ်စေပြီး တပ်မတော်သည် ရပ်ဆိုင်းထားသော ကျောက်စိမ်းလိုင်စင်များအား ပြန်လည် စတင်ချင်းအားဖြင့် ဝင်ငွေများ လွယ်လွယ်ကူကူ ရရှိပြီး ၎င်းတို့၏ တရားမဝင်သော အုပ်ချုပ်ရေးကောင်စီအား ပံ့ပိုးနေပါသည်။

“ဖားကန့်ရှိ ဒေသခံများသည် တပ်မတော်၏ အာဏာသိမ်းပြီးနောက် ဖိနှိပ်မှု၊ မြေပြိုချင်းများ၊ နှင့် မူးယစ်ဆေးဝါး ပြဿနာများ ဖြစ်သော အကြမ်းဖက် ပဋိပက္ခများ ကိုခံစားနေရချိန် ကချင်ပြည်နယ် ၏ သဘာဝအရင်းအမြစ်များအား တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များသည် ဆက်လက် လုယူနေပါသည်” ဟု Dietz ကပြောပါသည်။

“ယခု မြန်မာပြည်သူများသည် ၎င်းတို့၏ အသက်အားစွန့်စားပြီး စစ်အစိုးရအား တော်လှန်နေချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်း ၏ အဓိကဦးစားပေးရမည့်အရာသည် ဤအာဏာသိမ်းချင်းအား ပြီးဆုံးရန် လုပ်ဆောင်ချင်းနှင့် ဒီမိုကရေစီ စနစ်နှင့် ညီသော တရားဝင် အစိုးရ ပြန်လည်ဖြစ်ပေါ်နိုင်ရေး များဖြစ်ပါသည်။ တပ်မတော်သို့ ရန်ပုံငွေ များမရောက်သွားရန် အဓိကလုပ်ဆောင်ရမည့်အရာသည် ကျောက်စိမ်းလုပ်ငန်း အပါအဝင် ၎င်းတို့၏ စီးပွါးရေး လုပ်ငန်းများအား ပစ်မှတ်ထား ပြီး ပိတ်ဆို့မှု များ ချမှတ်ရန်ဖြစ်သည်” ဟု Dietz ကပြောကြားပါသည်။

Global Witness သည် နိုင်ငံတကာအသိုင်းအဝိုင်းအား ကျောက်စိမ်း နှင့် ကျောက်မြတ် တင်သွင်းချင်းအား ချက်ချင်း ပိတ်ပင်ရန် အကြံပေးပါသည်။ တရုပ်နိုင်ငံ သည် ကျောက်စိမ်းအား အဓိက ဝယ်ယူသူဖြစ်ပြီး ဤကျောက်စိမ်းကုန်သွယ်ရေးနှင့် ပတ်သက်သော အကျင့်ပျက်ခြစားမှု နှင့် ပဋိပက္ခများ တွင် ပါဝင်သော ၎င်း၏ ကဏ္ဍအား ဆမ်းစစ်သင့်သည်။

“တပ်မတော် ၏ ကျောက်စိမ်းလုပ်ငန်းအား ထိန်းချုပ်မှုသည် အင်မတန်ကြီးမားသောကြောင့် ကျောက်စိမ်းအား ဝယ်ယူသော ငွေများသည် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မဟာမိတ်များတို့၏ လက်ထဲသို့ မရောက်သွားရန် လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါ” ကြောင်း Dietz ကပြောပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ရေရှည်တွင် အနာဂတ် တရားဝင် အစိုးရအား တပ်မတော် နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များအား ကျောက်စိမ်းလုပ်ငန်းမှ ဖယ်ရှားရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေများအား အဓိကထား ဆွေးနွေးချင်းများ တွင် ပံ့ပိုးသင့်ပါသည်။

“လက်နက်ကိုင်များသည် မြန်မာနိုင်ငံ၏ အကြွယ်ဝဆုံး နိုင်ငံ၏ရတနာတစ်ပါးဖြစ်သော ကျောက်စိမ်းအား ထိန်းချုပ်ထားသ၍ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိနိုင်မည် မဟုတ်ပါ” ဟု Dietz သည် သုံးသပ်ပါ၏။