သတင်းထုတ်ပြန်ချက် | Sept. 4, 2018

မန်မာသတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခြင်းအား Global Witness ရှုံ့ချ

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English

နိုင်ငံတော် လှိျု့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုဖြင့် ရိုက်တာသတင်းထောက် နှစ်ဦးအား

ထောင်ဒဏ် ရ နှစ် ကျခံစေရန် မြန်မာ တရားရုံးတစ်ခု၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ

အရပ်ဘက်အဖွဲ့အစည်း နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် တုန်လှုပ်ဖွယ်

အကျိုးသက်ရောက်မှုတစ်ခုဖြစ်စေကာ တရားခွင် အတုအယောင်တစ်ခု၏ အကွက်ချထားသော

ရလဒ် တစ်ခုကို ဖော်ပြနေသည်ဟု ယနေ့တွင် Global Witness က ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာစစ်တပ်၏ နှိမ်နှင်းဖြိုခွဲမှုနှင့်

ဆက်စပ်နေသော လှိျု့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ဝလုံး နှင့် ကျော်စိုးဦး

တို့အား စွပ်စွဲကာ ယခင်နှစ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းတို့အား ရုံးတင်စစ်ဆေးစဉ်အတွင်း

အမှုတွင် ရဲအရာရှိတစ်ဦးပါဝင်ပတ်သက်ခဲ့ပြီး မိမိတို့အား အာဏာပိုင်များမှ ထောင်ချောက်ဆင်

ဖမ်းဆီးခြင်း ဖြစ်သည်ဟု သတင်းထောက်နှစ်ဦးက ထွက်ဆိုခဲ့သည်။ သတင်းထောက်နှစ်ဦးသည်

ဖမ်းဆီးခံရစဉ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာရှိ ရိုဟင်ဂျာဆယ်ဦးကို စစ်တပ်မှ

အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအား သတင်းရယူနေခဲ့ခြင်းဖြစ်သည်။ အဆိုပါ

သတ်ဖြတ်မှုအား နောက်ပိုင်းတွင် စစ်တပ် မှ ဝန်ခံခဲ့ပြီး အောက်ခြေအဆင့် စစ်သားအချို့အား

အလွဲသုံးစားမှုဖြင့် အရေးယူခဲ့သည်။

“ဤရဲရင့်သော သတင်းထောက်များအပေါ် ယနေ့တရားစီရင်ချက် နှင့် အတုအယောင် ရုံးတင်

စစ်ဆေးမှုသည် မြန်မာ့အရပ်ဘက်အဖွဲ့အစည်း နှင့် သတင်းမီဒီယာများအပေါ် တုန်လှုပ်ဖွယ်

သက်ရောက်မှုရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်

တွင် အရပ်ဘက်အဖွဲ့အစည်းများအတွက် နယ်ပယ်လျော့နည်းလာပြီး စစ်တပ်၏ အလွဲသုံးစား

ပြုမှုများအပေါ် တာဝန်ယူမှုရှိစေရန်ကို အစိုးရမှ အကာအကွယ်ပေးရန် ကြိုးပမ်းမှုများ ပိုမိုမြင့်တက်

လာသည်ကို ဆက်လက် တွေ့မြင်နေရပါသည်။’ ဟူ၍ Global Witness ၏ မြန်မာနိုင်ငံဆိုင်ရာ

စေ့ဆော်လှုပ်ရှားမှုဦးဆောင်သူ Paul Donowitz က ပြောကြားခဲ့ပါသည်။ “ယနေ့

တရားစီရင်ချက်သည် အရပ်ဘက်အုပ်ချုပ်မှုသို့ သိသာသည့် အကူးအပြောင်းတစ်ခု

လုပ်ဆောင်နေချိန်တွင် မြန်မာ စစ်တပ်သည် အများပြည်သူ၏ စောင့်ကြည့်မှု နှင့် ဝေဖန်မှုတို့၏

အထက်တွင် ရှိနေကြောင်းကို လွတ်လပ်သော သတင်းထောက်များ၊ သုတေသီများ နှင့်

အငြင်းပွားဖွယ် ကိစ္စရပ်များအား လူသိရှင်ကြားထုတ်ဖော်စုံစမ်းဝံ့သည့် အခြားပုဂ္ဂိုလ်များထံသို့

အတိအလင်း သတိပေးလိုက်ခြင်း ဖြစ်သည်။”

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် မြန်မာစစ်တပ်အနေဖြင့် လူသားမျိုးနွယ်

အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်ခြင်းတို့အပါအဝင် လူအများအပြား

အပေါ် လူမဆန်စွာ ရက်စက်သည့် လုပ်ရပ်များကို ကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုထားသည့်

အပြင်းအထန် ဝေဖန်ထားသော အစီရင်ခံစာတစ်စောင်ကို ယခင်အပတ်က ကုလသမဂ္ဂ၏ မြန်မာ

နိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာစစ်တပ် (တပ်မတော်)

သည် မြန်မာနိုင်ငံရှိ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ လက္ခဏာရပ်များအပေါ် လွှမ်းမိုးမှုရှိနေဆဲ

ဖြစ်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် အလားအလာကို ပိတ်ပင်လျက်

ရှိပါသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ဝလုံး နှင့် ကျော်စိုးဦးတို့အတွက် ခြွင်းချက်မရှိ

အပြစ်မှ လွှတ်ပေးကြောင်း အမိန့်ကို အချိန်မဆိုင်းဘဲ ထုတ်ပြန်သင့်ပါသည်။” ဟု Donowitz က

ထပ်မံပြောကြားခဲ့သည်။ “ယင်းသည် အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးသင့််သည့်

မြန်မာစစ်တပ်၏ နိုင်ငံတစ်ဝှမ်းတွင် ရက်စက်ကြမ်းကြုတ်သည့် လုပ်ဆောင်ချက်များဖြစ်ပါသည်။”

/ပြီးဆုံးသည်

Contacts

အယ်ဒီတာသို့ မှတ်ချက်များ-

ဓာတ်ပုံကို: YE AUNG THU/AFP/Getty Images

You might also like

  • Extended Report

    ကျိန်စာသင့် ရတနာ-

    ကျောက်စိမ်း ကြွယ်ဝမှု၊ အသေအပျောက်များ ဖြစ်စေသော ပဋိပက္ခနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန် အလားအလာများ။
    Freelance Yemasae miners sit on top of a hill near the Ngo Pin
  • Report

    ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများ

    ကျွန်တော်တို့၏ ရုပ်ရှင်အသစ်က မြန်မာနိုင်ငံ၏ ဒေါ်လာ သန်းပေါင်း များစွာတန်သော ကျောက်စိမ်း ကုန်သွယ်မှုက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခမီးကို မည်သို့ လေပင့်ပေးနေကြောင်းနှင့် သဘာဝ သယံဇာတများကို လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဘယ်ကြောင့် အာရုံစိုက် ဆွေးနွေး သင့်ကြောင်းကို ဖေါ်ထုတ် ပြသပေးထားပါသည်။
    A backhoe working at Pho Thar Htoo company mining site in Ngo Pin where Ever Winner, Pho Thar Htoo, Mya U Yin, Yadanar Yaung Chi and Wai comapanies are opearating, Hpakant, October 23, 2016., Hpakant, October 23, 2016.
  • Blog post

    တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေး ဆောင်ကျဉ်းပေးနိုင်သူ ဖြစ်နိုင်မလား

    မြန်မာနိုင်ငံ၊နေပြည်တော်တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြီးသတ်နေချိန်တွင် တရုတ်နိုင်ငံသည် ကန့်လန့်ကာနောက်ကွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီး၏ ဖိအားကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့သည်။
    Machines are used to excavate jade in Hpakant on an enormous scale