Report | May 17, 2017

ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများ

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English

မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အရှိန်မြှင့် ဆောင်ရွက်နေချိန်တွင်၊ ကျွန်တော်တို့၏ ရုပ်ရှင်အသစ်က ကချင်ပြည်နယ်၏ ကျောက်စိမ်း သူဌေးများက လက်နက်ကိုင် ပဋိပက္ခကို အားပေးနေကြကာ မီးလောင်ရာလေပင့်ရန် အားထုတ်နေကြကြောင်း ဖေါ်ထုတ် ပြသပေးထားပါသည်။ တစ်ကြိမ်တစ်ခါမျှ ဖေါ်ထုတ် မပြသခဲ့ဘူးသည့် ရိုက်ကွက်များနှင့် လူတွေ့ မေးမြန်းခန်းများက စစ်အာဏာရှင် အစိုးရကာလအတွင်း ဒေါ်လာ သန်းပေါင်း များစွာတန်သော သတ္တုတွင်းများကို ထိန်းချုပ်လာခဲ့ကြသည့် သြဇာလွှမ်းမိုးသည့် လူ့မလိုင်များတို့၏ ခြောက်ခြားစရာနှင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်ခဲ့မှုများကို ဖေါ်ထုတ် ဖွင့်ချထားပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရက ညစ်ညမ်းသည့် ကျောက်စိမ်း ရောင်းဝယ်မှုကို ကိုင်တွယ် ဆောင်ရွက်ရန် စတင််ခဲ့သော်လည်း အတော်ကြာအောင် လုပ်ကိုင်ရပါဦးမည်။ လာမည့် ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက တိုင်းပြည်၏ သဘာဝသယံဇာတများကို အုတ်မြစ် အသစ်ဖြင့် ချမှတ်လုပ်ကိုင်နို်င်မည့် အရေးပါလှသော အခွင့်အလမ်းကို ကမ်းလှမ်းပေးထားပြီး  ဆင်းရဲဒုက္ခ အများအပြားကို ဖန်တီးပေးလာခဲ့သည့် တိုင်းရင်းသားများ၏ လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်ရေးသို့ ပိုမိုနီးကပ်လာစေပါမည်။ ပိုမိုသိရှိနိုင်ရန် ရုပ်ရှင်ကိုကြည့်ပါ၊ ပြီးနောက် မျှဝေပါ။

ရုပ်ရှင်ကို YouTube နှင့် Vimeoတွင်လည်း ကြည့်ရှုနိုင်ပါသည်။

ကချင်ပြည်နယ်၏ ကျိန်စာသင့် ရတနာ

ရုပ်ရှင်တွင် ကမ႓္ဘာပေါ်၌ အဖိုးတန်ကျောက်စိမ်းတွင်းများ အများဆုံးထွက်ရှိသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် နိုင်ငံ၏အဆိုးရွားဆုံး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ နေရာအချို့ကို အဓိကရိုက်ကူးထားပါသည်။ 

ကချင်ပြည်နယ်တွင် ၂၀၁၁ လောက်ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ကာ လူဦးရေ တစ်သိန်းခန့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး မရေမတွက်နိုင်သော ဘဝများ ဖျက်ဆီးခံခဲ့ရသည်။ 

ဒေသတွင်းအသင်းအဖွဲ့များက တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုနေကြပြီး ယင်းတိုက်ပွဲများကို ဖြစ်စေသော ကျောက်စိမ်းရောင်းဝယ်မှုများအတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။ ဒေသခံဘဝများအပေါ် ရိုက်ခတ်မှုအကြောင်းနှင့် ကျောက်စိမ်းနှင့် ပဋိပက္ခအကြား ဆက်နွယ်မှုများကို အဆုံးသတ်စေရန် လိုအပ်သည့် အဆင့်များကို ပိုမိုလေ့လာသိရှိနိုင်ရန်  ကျွန်တော်တို့၏ ရုပ်သံဓာတ်ပုံမှတ်တမ်းကို ကြည့်ရှုပါ  ကျိန်စာသင့်ရတနာ

Burmese Cursed Treasure longform

ငြိမ်းချမ်းရေးရရှိရန် အစိုးရအနေနှင့် တိုက်ပွဲဖြစ်ပွားစေရန်အတွက် အားပေးအားမြောက်ပြုနေသော အဓိကသော့ချက်ကို ဖယ်ရှားရမည်ဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားသူများမှမဟုတ်ပဲ ဒေသခံများ၏ အကျိုးစီးပွားအတွက် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းများကို စီမံခန့်ခွဲရန် လိုအပ်ပါသည်။ 

၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးပြီး ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများအကြား ဆက်နွယ်မှုများကို လှစ်ဟခြင်းဖြင့် ပဋိပက္ခကို အားပေးအားမြောက်ပြုပြီး မီးလောင်ရာလေပင့်နေသော သဘာဝအရင်းအမြစ်များနှင့် ကျောက်စိမ်းအခန်းကဏ္ဍအပေါ် အာရုံစိုက်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဆောတလျင် သေချာပေါက်ကျင်းပနိုင်ရန် ကူညီပေးကြစေလိုပါသည်။

ကျွန်ုပ်တို့၏ ရုပ်ရှင်အသစ်ကို ကြည့်ရှုပြီး မျှဝေပေးကြစေလိုပါသည်- Facebook  သို့မဟုတ်Youtube ပေါ်ရှိ ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများ

Find out more

You might also like