သတင်းထုတ်ပြန်ချက် | March 21, 2019

ရော်ဘာလုပ်ငန်းက မြေယာ သိမ်းပိုက်ခံရခြင်းနှင့် တောပြုန်းစေခြင်းကို ရပ်တန့်ရန် ရည်ရွယ်

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English Français Italiano 日本語 ភាសាខ្មែរ 中文

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Witness ၏ အဆိုအရ၊ ယနေ့စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းသည် ရော်ဘာခြံများ တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် ဖြစ်သည့် သစ်တောများ အကြီးအကျယ်ပျက်စီးခြင်းနှင့် မြေယာများ သိမ်းပိုက်ခံရခြင်းများအား အရေးယူဆောင်ရွက်ရာတွင် အဓိကကျသည့် အပိုင်း၌ ပါဝင်လာနိုင်ပါသည်။

စင်ကာပူနိုင်ငံ၌ ကမ္ဘာ့ရော်ဘာညီလာခံတွင် ယနေ့ စတင်ချမှတ်ခဲ့သည့် ရေရှည်တည်တံ့သော သဘာဝရော်ဘာ (GPSNR) အတွက် ကမ္ဘာလုံးဆိုင်ရာ မူဝါဒလမ်းစဉ်သည် ရော်ဘာလုပ်ငန်းနယ်ပယ်ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းရန် ရည်မှန်းသည့် ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ ပါဝင်ပတ်သက်သူများစွာ၏ ကနဦးလုပ်ဆောင်ချက် ဖြစ်ပါသည်။ မူဝါဒလမ်းစဉ် အဖွဲ့ဝင်များတွင် နာမည်ကျော် အမှတ်တံဆိပ် တာယာ ကုမ္ပဏီများနှင့် ကားထုတ်လုပ်သည့် ကုမ္ပဏီများ၊ ရော်ဘာထုတ်လုပ်သူများနှင့် စီစဉ်လုပ်ဆောင်သူများအပြင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO များ) ပါဝင်ပါသည်။ ရော်ဘာထုတ်လုပ်သည့်နိုင်ငံမျာ်တွင် ရော်ဘာထုတ်လုပ်ရန်အတွက် မြေယာများ ကုန်ခမ်းလာကာ ရော်ဘာစိုက်ပျိုးသည့်ကုမ္ပဏီများက ဆိုးရွားသော သက်ရောက်မှုနှင့်အတူ မြေယာအသစ်များသို့ တိုးချဲ့လာခဲ့သောကြောင့် လွန်ခဲ့သော ဆယ်စုနှစ်သည် ရော်ဘာလုပ်ငန်းနယ်ပယ်တွင် မျှော်လင့်မထားသော ပြဿနာစဖြစ်လာခဲ့ပါသည်။ အရှေ့တောင်အာရှတွင်၊ ကြီးမားကျယ်ပြန့်သော ရော်ဘာခြံများသည် မြေယာ သိမ်းပိုက်ခံရူခြင်းနှင့် သစ်တောပျက်စီးခြင်း ဖြစ်စေသည့် အဓိကအချက်များအနက် တစ်ချက်ဖြစ်သည်ဆိုသည်ကို Global Witness က ဖော်ထုတ်ခဲ့သည့် လုပ်ငန်းနယ်ပယ်ဆိုင်ရာ လက်တွေ့ဖြစ်ရပ် အသစ်တစ်ခု ဖြစ်ပါသည်။

မြေယာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ခုခံကာကွယ်သူများအဖွဲ့မှ Ali Hines က “ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တဲ့ ကြိုးပမ်းမှုက ရော်ဘာ ထောက်ပံ့ပေးသွင်းတာနဲ့ ပတ်သက်တဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး စိန်ခေါ်မှုတွေကို အရေးယူဖြေရှင်းဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပထမဆုံးခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အခုပါဝင်တဲ့ တာယာကုမ္ပဏီတွေက ကမ္ဘာတစ်ဝှမ်း တာယာထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံဖြစ်နေလို့ ရပ်ရွာတွေကို ကူညီနိုင်စွမ်းနဲ့ နိုင်ငံတကာ လုပ်ငန်းနယ်ပယ်အနှံ့မှာ အမှန်တကယ် ပြောင်းလဲနေတာကြောင့် ပျက်စီးနေတဲ့ တောပြုန်းတွေကို တားဆီးနိုင်စွမ်းက ကြီးမားပါတယ်။”

ရော်ဘာ စီးပွားရေးလုပ်ငန်းကို ချုပ်ကိုင်ထားသူများ ကဲ့သို့သော စုံစမ်းစစ်ဆေးမှုများတွင် ဖော်ထုတ်ခဲ့သည့် ရော်ဘာထောက်ပံ့ပေးသွင်းမှုတွင်ပါသော ကြောက်မက်ဖွယ်ရာ အလွဲသုံးစားမှုကို အရေးယူဖြေရှင်းနိုင်စေသည့် တင်းကျပ်သော စံသတ်မှတ်ချက်များနှင့် အထူးလေးစားလိုက်နာရေး လုပ်ထုံးလုပ်နည်းများအတွက် Global Witness က ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည့် လွန်ခဲ့သော တစ်ဆယ့်ရှစ်လတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့စီးပွားရေးကောင်စီ၏ တာယာလုပ်ငန်းနယ်ပယ် ပရောဂျက်ကနေ ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝရော်ဘာအတွက် ကမ္ဘာလုံးဆိုင်ရာ မူဝါဒလမ်းစဉ် ပေါ်ပေါက်လာခဲ့ပါသည်။

လွန်ခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သည့် စိမ်းလန်းစိုပြေသောငြိမ်းချမ်းရေး အစီရင်ခံစာတွင် Michelin၊ Goodyear နှင့် Continental တို့ အပါအဝင် နာမည်ကျော် တာယာအမှတ်တံဆိပ်များထံ ထောက်ပံ့ပေးသွင်းသည့် ကမ္ဘာလုံးဆိုင်ရာ ရော်ဘာကုမ္ပဏီကြီး Halcyon Agri ၏ လက်အောက်ခံ ကုမ္ပဏီက ပိုင်ဆိုင်သော မြေယာနှင့်ပတ်သက်၍ ကင်မရွန်းနိုင်ငံရှိ အပူပိုင်းသစ်တောများ ပျက်စီးခြင်းနှင့် “မြေယာ သိမ်းပိုက်ခံရခြင်း” ကို ဖော်ထုတ်ခဲ့သောကြောင့် ရော်ဘာလုပ်ငန်းနယ်ပယ် ပတ်ဝန်းကျင်တွင် ပြဿနာများ ဆက်လက်၍ ရှိနေကြောင်း သိရပါသည်။

Michelin၊ Pirelli၊ Goodyear နှင့် Bridgestone တို့အပါအဝင် နာမည်ကျော် တာယာကုမ္ပဏီကြီးများက ချမှတ်သည့် မူဝါဒဆိုင်ရာ ကတိကဝတ်များစွာကို ကျောထောက်နောက်ခံပြု၍ မူဝါဒလမ်းစဉ်တစ်ရပ် ဖြစ်ပေါ်လာခြင်း ဖြစ်လာပါသည်။ သို့သော် အဆိုပါ မူဝါဒအချို့က ပကတိအတိုင်းရှိသော သစ်တောများနှင့် တိုင်းရင်းသားလူနည်းစုများကို ကာကွယ်နိုင်လောက်သည်အထိ ပြည့်စုံခြင်း မရှိသေးသည့်အတွက် မူဝါဒလမ်းစဉ်တွင် ပို၍ တင်းကျပ်သော စံသတ်မှတ်ချက်များ ရှိရန် လိုအပ်ချက်မှာ ပို၍ အရေးကြီးလာပြီ ဖြစ်ပါသည်။

“မူဝါဒလမ်းစဉ်က ရော်ဘာထောက်ပံ့ပေးသွင်းမှုကြောင့် မြေယာ သိမ်းပိုက်ခံရတာတွေနဲ့ သစ်တောပျက်စီးတာတွေကို ဖယ်ရှားနိုင်စေဖို့ ကုမ္ပဏီတွေရဲ့လုပ်ရပ်တွေကို အကဲဖြတ်ဆန်းစစ်တဲ့ စံနှုန်းတွေထဲမှာ “ဘယ်သူနဲ့ပြိုင် ဘယ်သူနိုင်” ဆိုတဲ့ စွမ်းဆောင်ရည် အချက်ကို ထည့်သွင်းနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ့်” လို့ Hines က ဆိုပါတယ်။

“ဒါပေမယ့်ကုမ္ပဏီတွေက အဲ့ဒီမူဝါဒလမ်းစဉ်စံနှုန်းတွေကို သတ်မှတ်ပြီးတဲ့အထိ စောင့်မနေသင့်ပါဘူး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ လူ့အခွင့်အရေးတွေကို သူတို့ပြောသလို တကယ်သာ ဂရုစိုက်မယ်ဆိုရင် လုပ်ပြသင့်ပါတယ်၊ ရော်ဘာတွေ ရေရှည်တည်တံ့စေဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင် ထုတ်ပြန်ထားတဲ့ မူဝါဒတွေ ချမှတ်ဖို့ ကြိုးပမ်းမှုတွေကို သူတို့ လက်တွေ့ပြနေပြီးဖြစ်ရမှာပါ။ ကုမ္ပဏီတွေက ကတိကဝတ်တွေကို လက်တွေ့လုပ်ဆောင်မှသာ မူဝါဒလမ်းစဉ်တွေ အမှန်တကယ် ဖြစ်လာနိုင်မှာပါ။”

/ပြီးဆုံးသည်

Contacts

You might also like

  • Report

    Rubber Barons

    Vietnam’s two biggest rubber companies are moving into Cambodia and Laos, seizing farmland, flouting land and forest protection laws and wrecking local livelihoods.
    rubber barons brighter