သတင်းထုတ်ပြန်ချက် | May 17, 2017

မြန်မာနိုင်ငံ၏ ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိသော ကျောက်စိမ်းလုပ်ငန်းသည် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ဖြစ်စေသည့် အကြောင်းရင်းအဖြစ်ပါဝင်နေကြောင်း အထင်ကရဖြစ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမတိုင်မီ မှတ်တမ်းရုပ်ရှင်သစ်က ပြသ

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English

သဘာဝသယံဇာတအရင်းအမြစ်များအတွက် ချဉ်းကပ်လုပ်ဆောင်ပုံအသစ်တစ်ခုကို ငြိမ်းချမ်းရေးတည်ဆောက်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဦးစားပေးလုပ်ဆောင်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများက “၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ” ကို   တိုက်တွန်းလိုက်သည်။

(ရန်ကုန်၊ မြန်မာ၊ မေလ ၁၇ ရက် ၂၀၁၇) - မြန်မာနိုင်ငံ၏ အလွန်တရာကြီးမားသော ကျောက်စိမ်းလုပ်ငန်း သည် သေကြေပျက်စီးမှုများပြားသော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုကို ထောက်ကူလျက်ရှိပြီး အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုများကို ခြိမ်းခြောက်နေကြောင်းကို NGO တစ်ခုဖြစ်သည့် Global Witness ၏ မှတ်တမ်းရုပ်ရှင် သစ်တစ်ခုက ယနေ့ ဖော်ပြလိုက်သည်။ 

နိုင်ငံအနေဖြင့် အထင်ကရ အမျိုးသားငြိမ်းချမ်းရေးညီလာခံကို မေလ ၂၄ ရက်နေ့တွင် ကျင်းပရန် ပြင်ဆင်နေချိန်တွင် မျှတသော ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုဖြစ်ခဲ့လျှင် သြဇာအာဏာကြီးမားသော တပ်မတော်မိသားစုများ နှင့် ကုမ္ပဏီများသည် ကျောက်စိမ်းမှ ရရှိနေသော များပြားသည့် အကျိုးအမြတ်များ ကို လက်လွှတ်ရနိုင်ကြောင်း Jade and the Generals အမည်ရှိ မှတ်တမ်းရုပ်ရှင်က ဖော်ပြသည်။ နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်သည် ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၃၁ ဘီလီယံတန်ဖိုးရှိ ကျောက်စိမ်းများ ထွက်ရှိခဲ့သည့် ကျောက်စိမ်းတွင်းများရှိရာ မိခင်ဒေသဖြစ်ပြီး  ယင်းသည် အဆိုးဝါးဆုံးသော လက်နက်ကိုင် တိုက်ခိုက်မှုများ  ဖြစ်ပွားနေရာ ဒေသလည်းဖြစ်သည်။ မှတ်တမ်းရုပ်ရှင်တွင် ဒုက္ခသည်များ၊ ဒေသခံ ခေါင်းဆောင်များထံမှ ထွက်ဆိုချက်များ၊ တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် နှင့် ယင်းတိုက်ခိုက်မှုများကို ဖြစ်ပွားနေစေသော အကြောင်းတစ်ခုဖြစ်သည့် ကျောက်စိမ်းလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများလုုပ်ရန် တိုက်တွန်းတောင်းဆိုမှုများကို ထည့်သွင်းဖော်ပြထားသည်။ 

“လူပေါင်းတစ်သိန်းသည် ယခုအခါတွင် ကချင်ပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ အခြားထိုးစစ်ဆင်မှုများကြောင့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး နေရသည်။ ယင်းဖြစ်ရပ်သည် မိမိတို့၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်းခံရပြီး တန်ဖိုးအကြီးမားဆုံး ပိုင်ဆိုင်မှု အရင်းအမြစ်များ လုယက်ခြင်းခံနေရသည့် လူအများအပေါ်တွင် ကျောက်စိမ်းလုပ်ငန်းကို ထိန်းချုပ်ထား သူများက ပြုကျင့်ခဲ့သည့် နောက်ဆုံးဖြစ်ပွားခဲ့သော မတရားမှုဖြစ်သည်” ဟု Global Witness ၏ Campaign Leader ဖြစ်သူ Paul Donowitz ကပြောဆိုပါသည်။ “ဒေသခံပြည်သူများသည် တနေ့တခြား အားကိုးရာမဲ့ ဖြစ်ကာ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြသည်။ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းရန်မှာ တိုက်ခိုက်မှုများကို ဆက်လက်ဖြစ်ပွားနေစေသည့် မက်လုံးများကို အစိုးရအနေဖြင့် ဖယ်ရှားရမည်ဖြစ်သည်။ ကချင်ပြည်နယ်၏ ကျောက်စိမ်းကြွယ်ဝချမ်းသာမှုများကို လက်နက်ကိုင်ဆောင်ထားသောသူများအတွက် မဟုတ်ဘဲ ပြည်သူများ၏ အကျိုးစီးပွားအတွက်ဖြစ်အောင် စီမံခန့်ခွဲရန်လိုသည်” ဟုလည်း Paul Donowitz ကပြောပါသည်။

ယခု မှတ်တမ်းရုပ်ရှင်ကို အများပြည်သူသို့ တင်ပြခြင်းသည် အမြဲတည်တံ့သည့် ငြိမ်းချမ်းရေး ထူထောင်နိုင်ရန် အတွက် မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မျှတ၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော သဘာဝသယံဇာတ စီမံခန့်ခွဲမှုကို အလေးထားဆွေးနွေးရန်အတွက် သြဇာရှိသော ကချင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့် ပွင့်လင်းမြင်သာမှု နှင့် သဘာဝသယံဇာတအထူးပြု အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ တောင်းဆိုမှုနှင့်လည်း တိုက်ဆိုင်လျက်ရှိပါသည်။ သယံဇာတခွဲဝေရေး၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး ဆိုင်ရာ အကာအကွယ်အစီအမံများ၊ အကျိုးခံစားခွင့်များကို မျှတစွာခွဲဝေရေးစသည်တို့ကို ဆွေးနွေးမည့် အစီအစဉ်များတွင် ထိပ်ဆုံးမှ ထည့်သွင်းပေးရန်ကိုလည်း လက်မှတ်ရေးထိုးထားသောအဖွဲ့များက တောင်းဆို ထားကြပါသည်။ 

 “ကျောက်စိမ်းကုမ္ပဏီအများစုသည် တပ်မတော်နှင့် ဆက်နွယ်မှုရှိသည်။ စစ်တပ်သည် ကျောက်စိမ်းလုပ်ငန်း ကို ကာကွယ်လျက်ရှိပြီး နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်မှာ ထင်ရှားသည်” ဟု  Kachin Baptist Convention ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Reverend Samson က မှတ်တမ်းရုပ်ရှင်အတွက် အင်တာဗျူးတွင် ပြောဆိုပါသည်။

ယခင် အာဏာရှင် ဦးသန်းရွှေနှင့် ယခင်အာဏာရပါတီမှ အကြီးအကဲများ၊ ဝန်ကြီးဟောင်းများ ဖြစ်ကြသော ဦးအုန်းမြင့် နှင့် ဦးမောင်မောင်သိန်း တို့အပါအဝင် အမည်ဆိုးဖြင့် ကျော်ကြားသော စစ်တပ်မှ ပုဂ္ဂိုလ်များ၏ မိသားစုများသည် ကျောက်စိမ်းလုပ်ငန်းတွင် မည်သို့မည်ပုံ အဓိက ပါဝင်ပတ်သက်နေကြသည်ကို Global Witness ၏ ယခင်အစီရင်ခံစာတွင် တင်ပြခဲ့ပါသည်။ တပ်မတော် နှင့် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက် နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အခွန်ကောက်ယူခြင်းနှင့် အနိုင်အထက်ငွေညှစ်ခြင်း များမှတဆင့် ဝင်ငွေများစွာရရှိနေကြသည်။ တပြိုင်နက်မှာပင် ဒေသခံပြည်သူများမှာ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကြောင့် လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရပြီး ဗဟိုအစိုးရ အပေါ် မယုံကြည်မှု နှင့် ဆန့်ကျင်စိတ် ပိုမိုများပြားလာကာ ငြိမ်းချမ်းရေး ရရှိရန် ပိုမိုခက်ခဲလာစေသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အရပ်သားဦးဆောင်သော အစိုးရသစ်မှ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူများ သည် ကျောက်စိမ်းလုပ်ပိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်းများကို ဆိုင်းငံ့ခဲ့သည်။ 

 “ယခုကဲ့သို့ လိုင်စင်ထုတ်ပေးမှု ဆိုင်းငံ့လိုက်ခြင်းသည် လုပ်ငန်းတစ်ခုလုံးအား သုံးသပ်ပြင်ဆင်ရန် အခွင့်ရ စေသည်။ အစိုးရအနေဖြင့် ယင်းကဏ္ဍကို မပြုပြင်နိုင်မချင်း လိုင်စင်ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားသင့်သည်” ဟု Paul Donowitz က ဆိုသည်။ “မှန်ကန်သော အစီအမံများထားရှိခြင်းဖြင့် အဖိုးမဖြတ်နိုင်သည့် သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်သည့်အပြင် ကချင်ပြည်နယ်၏ ကျောက်စိမ်းလုပ်ငန်းသည် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေပြီး အစိုးရအတွက် လိုအပ်နေသည့် ရန်ပုံငွေများ ရရှိစေသည့် လမ်းကြောင်းပေါ်တွင်ရှိနေစေရန် အစိုးရအတွင်းရှိ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူများက အသေအချာပြုလုပ်နိုင်ပါသည်။ အကယ်၍ တားမြစ်ထားမှုကို စောစီးစွာဖယ်ရှားခဲ့လျင် ယင်းအခွင့်အလမ်း ဆုံးရှုံးသွားလိမ့်မည်” ဟုလည်း Paul Donowitz ကပြောဆိုပါသည်။ 

ပဋိပက္ခများဆက်လက်ဖြစ်နေစေရန် မက်လုံးအဖြစ်တည်ရှိနေသော၊ လောင်စာဖြည့်ပေးနေသော ကျောက်စိမ်း၏ အခန်းကဏ္ဍကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရေးတကြီး အဓိကထားစူးစိုက်ရမည် ဖြစ်ပါသည်။ 


“တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရက ကတိကဝတ်ပြုထားပါသည်။ ယင်းကို အောင်မြင်ရရှိစေလိုလျင် နိုင်ငံ၏တန်ဖိုးအကြီးဆုံး သဘာဝ အရင်းအမြစ်များနှင့်ပတ်သက်ပြီး ချဉ်းကပ်လုပ်ဆောင်ပုံအသစ်ကို ဘက်နှစ်ဘက်လုံးက သဘောတူညီကြရန် အလွန်အရေးကြီးပါသည်။ ဆိုလိုသည်မှာ လက်နက်ကိုင်ဆောင်ထားသော သူများကို ကျောက်စိမ်းလုပ်ငန်း အတွင်းမှဖယ်ရှားရန် နှင့် ခိုင်မာသောအားထုတ်မှုများပြုလုပ်ရန်၊ စစ်တပ်အနေဖြင့် အာဏာကို ဆုပ်ကိုင်ထားခြင်းကို ပိုမိုခိုင်မာအောင်ပြုရာတွင် သဘာဝအရင်းအမြစ်များ အသုံးပြုခံနေရခြင်းကို အဆုံးသတ်ရန်တို့ဖြစ်ပါသည်။” ဟု Paul Donowitz က ဆိုပါသည်။ 

ဆက်သွယ်ရန် 

အင်တာဗျူးများနှင့် ရုပ်ရှင်အတွက် ဆက်သွယ်ရန် -

မြန်မာ -

• Paul Donowitz on [email protected] or +95 (0)9788294469

• Juman Kubba on [email protected]  or +44 (0)7720 972 394.

ယူကေ -

Lucy Beck on [email protected] or +44 7725 260 530

/ပြီးဆုံးသည်

Contacts

  • Juman Kubba

အယ်ဒီတာသို့ မှတ်ချက်များ-

• Global Witness မှတ်တမ်းရုပ်ရှင် “Jade and the Generals” ၊ ဓါတ်ပုံဇာတ်လမ်း “Cursed Treasure” နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ပူးတွဲကြေညာချက်တို့ကို https://www.globalwitness.org/en/campaigns/myanmar/ တွင် ရယူနိုင်ပါသည်။ အားလုံးကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရရှိနိုင်ပါသည်။ 

• မြန်မာနိုင်ငံ၏ လျှို့ဝှက်သော ကျောက်စိမ်းလုပ်ငန်းများတွင် လုပ်ဆောင်နေကြပုံများ၊ ထိန်းချုပ်သည့်ပုံစံများနှင့် ပတ်သက်သော နောက်ထပ်အချက်အလက်များကို Global Witness ၏ အစီရင်ခံစာတစ်ခုဖြစ်သော “Jade: Myanmar’s “Big State Secret”” တွင် ဖော်ပြထားပါသည်။ ယင်းအစီရင်ခံစာကို https://www.globalwitness.org/en/campaigns/oil-gas-and-mining/myanmarjade/ တွင် ရရှိနိုင်ပါသည်။ ယင်းအစီရင်ခံစာတွင် ဒေါ်လာဘီလီယံပေါင်း များစွာ တန်ကြေးရှိသော ကဏ္ဍအတွင်းတွင် ဦးသန်းရွှေ၊ ဦးအုန်းမြင့် နှင့် ဦးမောင်မောင်သိန်း မိသားစုများ၏ အကျိုးစီးပွားများအကြောင်း အသေးစိတ်ဖော်ပြထားပါသည်။ 

You might also like

  • Extended Report

    Cursed Treasure

    A photographic journey into Myanmar’s famed jade mines and the links to the military and ethnic armed conflict which has engulfed the country for decades.
    Freelance Yemasae miners sit on top of a hill near the Ngo Pin
  • Report

    Jade: Myanmar's "Big State Secret"

    As Myanmar's historic election approaches, our report reveals a secret jade trade worth up to US$31 billion, and controlled by military elites and drug lords.
    jade pickers night Myanmar
  • Campaign

    Myanmar

    Myanmar is so closely identified with natural resources such as jade, rubies and teak that its name is a brand in itself. But so far its people have not benefited from the brand.
    Myanmar sunset