ဘလော့ဂ် | March 29, 2019

မြန်မာအဲရစ်ပရင့်စ် (Erik Prince)– (သို့မဟုတ်) တရုတ် ရပ်ဝန်းတခု ပတ်လမ်းစီမံကိန်း ရည်မှန်းချက်အောင်မြင်စွာဖော်ဆောင်နိုင်ရေး

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English

နယ်စပ်ဝန်ဆောင်မှုအဖွဲ့ (FSG)က မြန်မာနိုင်ငံတွင် လုပ်ငန်းတစ်ခုထူထောင် နေသည် ဟူသော သတင်းများပြီးခဲ့သည့် ရက်သတ္တပတ်က ထွက်ပေါ်လာပါသည်။ 

အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင် ဃငအငခ အုပ်စု (Citic Group) ကထောက်ပံ့မှုပေးထားပြီး အဲရစ် ပရင့်စ် (Erik Prince) ဦးစီးသည့် ပုဂ္ဂလိကပိုင် လုံခြုံရေးလုပ်ငန်းဝန်ဆောင်မှုအဖွဲ့ အစည်းဖြစ်ပါသည်။ 

အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာ၀ပတ်ဝန်းကျင် အကြီး အကျယ်ထိခိုက်ပျက်စီးမှုများကို မီးလောင်ရာလေပင့်ဖြစ်စေသည့်(ဒေါ်လာဘီလီလျံပေါင်းများစွာ လည်ပတ်နေသော) ကျောက်စိမ်းလုပ်ငန်းနှင့် နယ်စပ်ဝန်ဆောင်မှုအဖွဲ့(FSG)အပါအဝင် ၎င်း၏ စီးပွားဖက်များပတ်သက်ဆက်နွယ်မှု ကွင်းဆက်များကို အနီးကပ်စောင့်ကြည့်လေ့လာမှုတစ်ခုက ဖော်ထုတ် တင်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ အဆိုပါသတင်းတို့တွင် မြန်မာနိုင်ငံသားတို့၏ အကျိုးစီးပွား(သို့မဟုတ်) တရုတ်တို့၏ ဂုဏ်သတင်းကို ဖော်ဆောင်နိုင်ချေရှိသော အလားအလာအလွန်ပင်နည်းပါးလှ ပေသည်။

(မြန်မာနိုင်ငံတွင် တရုတ်တို့၏ သမိုင်းကြောင်း မကောင်းသောပါဝင်ပတ်သက်မှု)

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် တရုတ်တို့၏ ထုထည်ကြီးမားလှသော စီးပွားရေး ပတ်သက်ဆက်နွယ်မှု(ခြေရာ)များက ရပ်ဝန်းတခု ပတ်လမ်းစီမံကိန်း ပထမခြေလှမ်းများအတွက် ရှေ့ပြေး ဖြစ်ခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ်များက အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာစစ်အစိုးရ သည် (ငွေကြေးအကူအညီနှင့် ရပ်တည်မှုပေးမည့် မိတ်ဆွေနိုင်ငံများ) အပူတပြင်း လိုအပ်နေခဲ့ပါသည်။

ထိုအချိန်တွင် ဘေဂျင်းအစိုးရက ကြားဝင်လာခဲ့ပြီး ရာစုနှစ်အကူးအပြောင်းအချိန်မှ စ၍ မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြုပ်နှံမှုများ တဟုန်ထိုးများပြားလာခဲ့ပါသည်။

အဆိုပါယေဘုယျ (အကြမ်းဖျဉ်းဖော်ပြထားသော) မြန်မာနိုင်ငံတွင် တရုတ်တို့၏ ပြိုင်ဘက်မရှိ စီးပွားရေးအသာရမှုများက ကမ္ဘာလုံးဆိုင်ရာ ခါးပတ်လမ်းစီမံကိန်း အတွက် ခိုင်မာသော အထောက်အပံ့ဖြစ်စေခဲ့ပါသည်။ ထိုစီမံကိန်းမှ တစ်ဆင့် သဘာ၀သယံဇာတများနှင့် အခြေခံ အဆောက်အဦများကို တရုတ်သို့ တင်ပို့နိုင်ပေလိမ့်မည်။

မြန်မာနိုင်ငံ၏ တန်ဖိုးအရှိဆုံးသော သဘာ၀သယံဇာတများ( ကမ်းလွန်ဓာတ်ငွေ့၊ ကျွန်းသစ်၊ တွင်းထွက်သတ္တုများ နှင့် ကျောက်စိမ်းအစရှိသော ကျောက်မျက်ရတနာများ) ကို အကျိုးခံစားခွင့် ရရှိသူများမှာ စစ်တပ်မှသဘောထားတင်းမာသူများ၊ ၎င်းတို့နှင့် နီးစပ်သည့်စီးပွားရေးလုပ်ငန်းရှင် ခရိုနီများ၊ မူးယစ်ရာဇာများနှင့်နောက်ကွယ်မှ ငွေကြေးထောက်ပံ့သော တရုတ်များဖြစ်ကြပါသည်။

အဆိုပါ ရပ်ဝန်းတခုပတ်လမ်းစီမံကိန်းပါဒေသများသည် မဟာဗျူဟာအရ အလွန်အရေးပါပြီးလျှင် မြန်မာအပါအဝင် အခြားကမ္ဘာ့နေရာများမှ သယံဇာတရင်းမြစ်များကို ထိုဒေသများမှတစ်ဆင့် တရုတ်သို့ ကုန်းတွင်းစင်္ကြန်လမ်းဖြင့် ပို့ဆောင်နိုင်ပါသည်။ ပင်လယ်ရေကြောင်းဖြင့် သယ်ယူ ပို့ဆောင်သည် ထက်များစွာ အချိန်ကုန်သက်သာပြီး ဘေးအန္တရာယ် ကျရောက်နိုင်ခြေအလွန်ပင် နည်းပါးပါသည်။

သို့သော် လွယ်ကူချောမွေ့သော ခရီးလမ်းကြောင်းအခြေအနေနှင့် အလှမ်းကွာနေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အခြားရပ်ဝန်းတခု ပတ်လမ်းနိုင်ငံများတွင်ရှိ တရုတ်ရင်းနှီးမြုပ်နှံသူများသည် တူညီသော အခက်အခဲများကို ရင်ဆိုင်ခဲ့ကြရပါသည်။ အထူးသိသာထင်ရှားသော အချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

အဂတိလိုက်စား၍ မသမာသော တာဝန်ရှိသူများနှင့် အဆင့်မြင့်ဆက်ဆံရေးအပေါ် မှီခိုအားထားမှုများကြောင့် ၎င်းတို့အပေါ် လူကြိုက်နည်းမှုများက တရုတ်ရင်းနှီး မြုပ်နှံသူများ ထံသို့ပါ ကူးစက်လာခြင်း။

ထင်ရှားသော သာဓကမှာ နာမည်ဆိုးနှင့်ကျော်ကြားသော တပ်မတော်ပိုင်မြန်မာ့ ဦးပိုင် လိမိတက် (MEHL ) နှင့် တရုတ်ဝမ်ပေါင် သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္မဏီ (Wanbao)တို့ ပူးပေါင်းလုပ်ဆောင် သော လက်ပတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းဖြစ်ပါသည်။အဆိုပါစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသော ဒေသခံပြည်သူများကို မြန်မာလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွဲသောအခါ ပေါ်ပေါက်လာသော ပြစ်တင်ဝေဖန်မှု များကို ဝမ်ပေါင်ကုမ္မဏီက လက်ခံတာဝန်ယူခဲ့ပါသည်။

ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုများက တရုတ်၏ ကိုယ်ပိုင်ပုံစံဖြစ်သော ပြည်ပနိုင်ငံ အရေးမစွက်ဖက်မှု မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုများ အပေါ် ထိခိုက်နစ်နာစေခြင်း။

ပဋိပက္ခဖြစ်ပွားရာ ကချင်ပြည်နယ်ရှိ တရုတ်တို့၏ ရေအားလျှပ်စစ်စီမံကိန်းများက ဒေသ အတွင်း တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး ကချင်လွပ်လပ်ရေးတပ် (KIA )နှင့် မြန်မာ့ တပ်မတော် လက်နက်ကိုင်တပ်ဖွဲ့များအကြား ၂၀၁၁ ခုနှစ်တွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်ခဲ့ရပါသည်။

တရုတ်တို့၏ ရင်းနှီးမြုပ်နှံမှုများ သက်ရောက်ခြင်းခံရသော ဒေသခံပြည်သူများနှင့် ထိတွေ့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် အဂတိလိုက်စားပြီး တာဝန်ခံမှုမရှိသော ဒေသ ဆိုင်ရာအရာရှိများကို ကြားခံအဖြစ်အသုံးပြုခြင်း။

တရုတ်ထိပ်သီးရေနံကုမ္ပဏီ (CNPC)သည် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် ရမည့်အစား ဒေသဆိုင်ရာအာဏာပိုင်အရာရှိများနှင့်သာ ပူးပေါင်းလုပ်ဆောင်ခဲ့သဖြင့် လျော်ကြေးငွေ များကို အလွဲသုံးစားပြုမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ပေါင်း (၁၀၀) ကျော်ကို မြန်မာ နိုင်ငံရှိတရုတ်ဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (ဃြဏျွှဃ) က မှတ်တမ်း ပြုစု ခဲ့ပါသည်။ ထိုဖြစ်ရပ်များကြောင့် တရုတ်ကုမ္ပဏီအပေါ် လူထုဝေဖန်တုန့်ပြန်မှုများ ထပ်မံပေါ်ပေါက်ခဲ့ရ ပါသည်။ သို့သော်အငြင်းပွားမှုအများဆုံးဖြစ်သော မြစ်ဆုံဆည်စီမံကိန်းကို(နယ်စပ်တည်ငြိမ်ရေး ကို လှစ် လျူရှု၍) ပြန်လည်စတင်ရန် တရုတ်အာဏာပိုင်များက ဆက်လက်တွန်းအားပေးလာခဲ့ပါသည်။

Soldier by mine

A Myanmar army soldier surveys site where a deadly landslide in jade mine had buried over a hundred people days before in Hpakant, Kachin State, November 2015 . Photo credit: Minzayar

အဲရစ်ပရင့်စ်(ယုံကြည်ရန်ခက်သော စီးပွားဖက်)

(လွန်ခဲ့သောလအနည်းငယ်က ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်ပေါ်လ်(ဏကေူ။ီသညသတငအဖ) နည်းပညာအချက်အလက်ပလတ်ဖောင်း (Blog)တွင် ထောက်ပြခဲ့သည့်အတိုင်း) တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထက် ရပ်ဝန်းတခုပတ်လမ်းစီမံကိန်းကို ပို၍ အလေးပေးပါက (မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများကို သိမ်းပိုက်ရန်ကြိုးစားလာသည်နှင့်အမျှ) စစ်ပွဲ ဖြစ်ပွားရာ ဒေသတွင်းရှိ ပြည်သူလုထုနှင့်ပို၍ ကင်းကွာစေမည် ဖြစ်ပါသည်။

အဲရစ်ပရင့်နှင့် နယ်စပ်ဝန်ဆောင်မှုအဖွဲ့(FSG)တို့၏ ရပ်ဝန်းတခုပတ်လမ်းစီမံကိန်းကို အမှီပြု၍ အကျိုးအမြတ်ဖော်ဆောင်ရေး အခင်းအကျင်းများမှာလည်း လက်ရှိအကျပ်အတည်းများကို ပြေလည်နိုင်စေမည့် အလားအလာနည်းပါးပါသည်။

အဲရစ်ပရင့်သည့် ၂၀၁၇ ခုနှစ်တွင် လက်နက်မဲ့အီရတ်ပြည်သူ(၁၄)ယောက်ကို ဘဂဒတ် တွင်သတ်ဖြတ်ခဲ့သော ၎င်း၏ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (Black Water)ကြောင့် လူသိများပါသည်။

မကြာသေးမီကာလက “ထူးဆန်း၍လူသူအရောက်အပေါက်မလွယ်ကူသော နေရာများ”ဟု ၎င်းကခေါ်ဆိုသောဒေသများတွင် ကိုဘော့(Cobalt)၊ လစ်သီယမ်(Lithium)နှင့် ကြေးနီသတ္တု (Copper) ဆိုင်ရာ ရင်းနှီးမြုပ်နှံ မှု စီမံချက်များနှင့် အမေရိကန်၏ အာဖဂန်စစ်ပွဲများကို ကြိုးကိုင်ချယ်လှယ်ရန် သမ္မတ ထရန့် အပေါ်တိုက်တွန်းမှုများကြောင့် သတင်းစာခေါင်းစီးတွင် ၎င်း၏အမည်ကို အကျယ်တဝင့်ဖော်ပြခြင်း ခံခဲ့ရပါသည်။

တဖန်အူဝှာ (Uighur) လူမျိုးစုများအပေါ် အာဏာပိုင်များက ဖိနှိပ်မှုများရှိသည်ဟူသောစွပ်စွဲချက်များ ကို ရင်ဆိုင်နေရသော တရုတ်နိုင်ငံရှင်ကျန်း(Xingjiang) ပြည်နယ်တွင် လေ့ကျင့်ရေးအထောက်အပံ့ အဆောက် အဦများ တည်ဆောက်ရေး သဘောတူညီမှုစာချုပ်ကြောင့် ၎င်း၏ကုမ္ပဏီ (FSG)သည် ကျယ်ပြန့် သော ဝေဖန်မှုများကို ခံယူနေရပါသည်။

အကျင့်ပျက်ခြစားသော ကျောက်စိမ်းကုန်သွယ်မှုနှင့်ပတ်သက်သော ကွင်းဆက်များ-

Small-scale miners search for jade stones as trucks from mining companies dump waste in Gwi Khar, Hpakant, April 2015.

Small-scale miners search for stones as trucks from jade mining companies dump waste in Hpakant, Myanmar. Photo credit: Minzayar

ထို့နောက်တွင် မြန်မာနိုင်ငံရှိ (FSG)၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေါ်ထွက်လာပါသည်။

မြန်မာတိုင်း (Myanmar Times) စာစောင်၏ သတင်းပေးပို့ချက်များအရ၊ မြန်မာ နိုင်ငံဆိုင်ရာ (FSG)ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် (မြန်မာတိုင်း စာစောင်၏ပြောကြားချက်အရ) ခရိုနီလုပ်ငန်းရှင်ကျော်ဝင်း၏ ညီမ ဟုယုံကြည်ခြင်းခံရသော စန္ဒာဝင်းပါဝင်ပါသည်။ (စန္ဒာဝင်းနှင့် ကျော်ဝင်း၏ မှတ်ပုံတင်အမှတ်များမှာ ကပ်လျက်နီးပါးရှိပြီး ယင်းမှာ မြန်မာ နိုင်ငံတွင် မိသားစုဝင်များဟူသော သဘောကိုဆောင်ပါသည်။

ကျော်ဝင်းသည် (CNN)နှင့် အစုစပ်စီးပွားဖက်ဖြစ်သော၎င်း၏စကိုင်းနက် ရုပ်သံကုမ္ပဏီ(Skynet)ကြောင့် လူသိများထင်ရှားပါသည်။

 စန္ဒာဝင်းသည် ကျော်ဝင်းထိန်းချုပ်ထားသည်ဟု ယူဆရသော ကုမ္ပဏီအများအပြားတွင် ဒါရိုက်တာလူကြီးတစ်ဦးဖြစ်ပါသည်။

ထိုကုမ္ပဏီများအနက်တစ်ခုဖြစ်သော သံလွင်ဧရာကျောက်မျက်ကုမ္ပဏီနှင့် “အမြဲတမ်းအနိုင်ရသူ ကျောက်စိမ်းတူဖော်ရေးအဖွဲ့” (Ever Winner Group) တို့၏ ပက်သတ်ဆက်နွယ်မှုများကို နိုင်ငံ တကာ စောင့်ကြည့်လေ့လာရေးအဖွဲ့(Global Witness)၏ အစောပိုင်း စုံစမ်းစစ်ဆေးမှု များက ဖော်ထုတ်ခဲ့ပါသည်။

ကျော်ဝင်းသည် (Ever Winner Group)၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အခြားကုမ္ပဏီတစ်ခု၏ ဒါရိုက်တာလူကြီး တစ်ဦးဖြစ်ခဲ့ကြောင်းကိုလည်း နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့(Global Witness)က ဖော်ထုတ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်စိမ်းတူဖော်ရေးလုပ်ငန်းစုနှစ်ခုအနက်တစ်ခုဖြစ်သော (Ever Winner Group) တွင် စီးပွားရေးလုပ်ငန်းပေါင်း(၁၂)ခုခန့်ရှိပါသည်။

အဆိုပါကျောက်စိမ်းတူဖော်ရေးလုပ်ငန်းစုကို ဦးစီးသော မိသားစုနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်ကမ္ဘောဇ (KBZ)ကို ဦးဆောင်သောမိသားစုတို့အကြားတွင် နီးကပ်သော ပတ်သက်ဆက်နွယ်မှုရှိပါသည်။

(၂၀၁၃ ခုမှ ၂၀၁၄) အတွင်း (Ever Winner Group)လုပ်ငန်းစုရှိကုမ္ပဏီအားလုံး ၏ စုစုပေါင်းကျောက်စိမ်းရောင်းရငွေမှာ အမေရိကန်ဒေါ်လာသန်း(၃၀၀)ကျော် အထိစံချိန် တင်ရရှိခဲ့ပါသည်။

(Ever Winner Group)လုပ်ငန်းစုတွင် ပါဝင်သောအချို့ကုမ္ပဏီများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတ်တမ်းများတွင် ချို့ယွင်းအားနည်းချက် များရှိပါသည်။

ထို့အပြင် တိုင်းပြည်၏ တန်ဖိုးအကြီးဆုံးသော သယံဇာတများ ထုတ်ယူသုံးစွဲမှုများ မှ မြန်မာပြည်သူလူထု မည်သို့မည်ပုံ အကျိုးခံစားခွင့်ရရှိသည်ဟူသောအချက်မှာ လည်း ရှင်းလင်းစွာ သိနိုင်ရန် အလှမ်းကွာနေဆဲဖြစ်ပါသည်။

 သို့သော် အဲရစ်ပရင့်စ်နှင့် (FSG)သည် ကျောက်စိမ်းလုပ်ငန်းတွင် အဓိကနေရာမှ ပါဝင်ပတ်သက်နေသည်ဟု ယူဆ၍မရပါ။ အဲရစ်နှင့် (FSG)၏ ဖွင့်ဟထုတ်ဖော်ရန် ငြင်းဆန်မှုများကြောင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် လျာထားချက် များကို သိရှိနိုင်ရန် မလွယ်ကူပါ။

 သို့သော် (ကျောက်စိမ်းလုပ်ငန်းအဖွဲ့အစည်းများက) လူ့အခွင့်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းဆိုင်ရာ ကတိကဝတ်များနှင့် ပတ်သက်သော ကိစ္စရပ်များကို အထူးအလေးအနက်ထား၍ ကိုင်တွယ်ကြပါသည်။

မည်သို့ပင်ဖြစ်စေ ပရင့်စ်နှင့် (FSG) တို့၏ ခါးပတ်လမ်း စီမံကိန်းအပေါ် အကောင်ဆုံး အသုံးချရေးအစီအမံများက မြန်မာနိုင်ငံသားများအတွက် သာမက တရုတ်တို့၏ ရေရှည်ရင်းနှီးမြုပ်နှံမှု ဂုဏ်သိက္ခာအပေါ်၌ပါ အကျိုးသက်ရောက်နိုင်ခြေရှိပါသည်။

စာရေးသူ

  • Mike Davis

    Chief Executive Officer