ယခင် အရပ်ဘက်အစိုးရသည် နိုင်ငံတော်၏ အကျိုးအမြတ်ကြီးလှသော ကျောက်စိမ်း ကုန်သွယ်ရေး လုပ်ငန်းကို ပြန်လည်ပြုပြင်​ပြောင်းလဲရေးပြုလုပ်သော်လည်း၊ မြန်မာ့တပ်မတော်နှင့် လက်နတ်ကိုင်အဖွဲ့များ သည် ယင်းလုပ်ငန်းအား ပိုမိုချုပ်ကိုင်လာပြီး၊ ဤအာဏာသိမ်းမှုကြောင့် ကျောက်စိမ်းနှင့်ပတ်သက်သော ပဋိပက္ခနှင့်အကျင့်ပျက်ခြစားမှုများပိုမိုဖြစ်ပေါ်နိုင်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ရှိသော ကချင်ပြည်နယ်တွင် ကမ္ဘာ့အကြွယ်ဝဆုံး ကျောက်စိမ်းတွင်းများ တည်ရှိပါသည်။ ဤကျောက်တွင်းများနှင့် ကျောက်စိမ်းတူးဖော်ချင်းမှ နှစ်တိုင်းရရှိသော ဒေါ်လာဘီလီယံနှင့်ချီသော ကြွယ်ဝချင်းများ ကြောင့် မြန်မာပြည်တွင် မကောင်းသောအဆက်ဆက်များ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ချင်းများ နှင့် ပဋိပက္ခများ ဆယ်စုနှစ်များစွာဖြစ်ပေါ်နေခဲ့ပြီး ငြိမ်းချမ်းရေး ရရှိရန် အဟန့်အတား ဖြစ်ပါသည်။

ကျောက်စိမ်းသည် တစ်နိုင်ငံလုံး၏ နိုင်ငံရေးနှင့်စီးပွါးရေးများအားပိုမို လွမ်းမိုးလာပြီး ကျောက်စိမ်းလုပ်ငန်းနှင့် သက်ဆိုင်သော ငွေများသည် ကျောက်စိမ်းတူးဖော်ရေးပြင်ပရှိ ပဋိပက္ခများအထိ သက်ရောက်မှုရှိပြီး ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး နိုင်ငံကို ပြန်လည်အုပ်ချုပ်နေသော တပ်မတော်၏ ဘဏ္ဍာရေးကို ထောက်ပံ့နေသည်။

ဤအစီရင်ခံစာအသစ်သည် ဤမကောင်းမှုအဆက်ဆက်များအား အတွင်းကျကျ ဆန်းစစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဤပျက်ပျားနေသော ကျောက်စိမ်းလုပ်ငန်းအား ပြုပြင်ပြောင်းလဲမှုများအား တပ်မတော်နှင့် အခြား လက်နတ်ကိုင်အဖွဲ့များသည် မည်ကဲ့သို့ ခုခန်တွန်းလှန်နေသည်ကြောင်း ဖော်ပြပါသည်။ ဤကျောက်ကုန်သွယ်ရေးသည် အကျင့်ပျက်ခြစားမှု နှင့် မှော်ခိုလုပ်ငန်းများ နှင့်တကွ လောဘကြီးပြီး တရားမဝင် အန္တရာယ်များသောတူးဖော်ချင်းများ အား တိုးပွါးလာစေပါသည်။

မြန်မာ့တပ်မတော်နှင့် တပ်မတော်နှင့်သက်ဆိုင်သော ကုမ္ပဏီ များသည် ဤကျောက်လုပ်ငန်းအား ပိုမို တင်းကျပ်စွာ ချုပ်ကိုင်လာပြီး ၎င်းတို့၏ ဆက်လက်ဖြစ်ပေါ်နေသည့် အလွဲသုံးစားမှုများအား ကျောက်စိမ်းကြောင့်ရရှိသောငွေများနှင့်ထောက်ပံ့နေပါသည်။

တပ်မတော်၏ အကျိုးစီးပွါးသည် ကျောက်စိမ်းလုပ်ငန်းအား ပိုမိုလွှမ်းမိုးလာသော်လည်း တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်/ပါတီ (UWSA/UWSP) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ကျောက်စိမ်းမှတဆင့် ရရှိသော ဝင်ငွေအားဖြင့် ၎င်းတို့၏ လုပ်ရှားမှုများကို ထောက်ပံ့ရသောကြောင့် ကျောက်စိမ်း ကုန်သွယ်ရေးတွင် ပိုမိုပါဝင်လာသည်ကို သုံးသပ်ရပါသည်။ 

ဤအစီရင်ခံစာတွင် မကြာခင်တွင်ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းချင်း ကြောင့် ကျောက်စိမ်းလုပ်ငန်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို သုံးသပ်ရပါသည်။ အာဏာသိမ်းချင်းသည် မြန်မာ့ကျောက်စိမ်းလုပ်ငန်းအတွင်း ပိုမိုအကြမ်းဖက်မှုများဖြစ်စေခဲ့ပြီး ကျောက်စိမ်းနှင့် ပဋိပက္ခများသည် ဒွန်တွဲလျက်ရှိသည်ကို ထင်ရှားအောင်ပြသခဲ့ပါသည်။ တပ်မတော်သည် ကျောက်စိမ်းလုပ်ငန်းအား ယခု အုပ်ချုပ်စီမံခန့်ခွဲနိုင်သောကြောင့် ဤကျောက်စိမ်းကုန်သွယ်ရေးသည် တပ်မတော်အတွက် ပိုမိုအရေးကြီးသည့် ရန်ပုံငွေ ဖြစ်လာနိုင်ခြေ ရှိပါသည်။

အဓိကတွေ့ရှိချက်များ

  • ၂၀၁၆ ခုနှစ်တွင် အရပ်ဘက်အစိုးရအသစ်သည် ကျောက်စိမ်းတူးဖော်ရေးနှင့် ပတ်သက်သော လိုင်စင်များကို ရပ်ဆိုင်းခဲ့ပါသည်။ လိုင်စင်ရပ်ဆိုင်းချင်းသည် ကျောက်စိမ်းလုပ်ငန်းအား ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ချက်ရှိသော်လည်း လိုင်စင်ရပ်ဆိုင်းချင်းအားဖြင့် အကျင့်ပျက်ခြစားမှုများ များပြားလာ၍ ယခင်ဆန့်ကျင်နေသော လက်နတ်ကိုင်အဖွဲ့များအတွက် အတူပူးတွဲ၍ ကျောက်စိမ်းအား ပိုမိုလျှင်မြန်စွာ နှင့် ပိုမို အန္တရာယ်များစွာ တူးဖော်နိုင်ရန် အခွင့်အလမ်းပေါ်ပေါက်လာပါသည်။

  • ထို့ကြောင့် NLD အစိုးရလက်ထက်တွင် လက်နတ်ကိုင်အဖွဲ့အစီးများ အထူးသဖြင့် မြန်မာတပ်မတော်သည် မြန်မာ ကျောက်စိမ်းတွင်းများကို ပိုမိုချုပ်ကိုင်နိုင်ရန် လုပ်ဆောင်လာခဲ့ပါသည်။ လိုင်စင် ရပ်ဆိုင်းချိန်တွင် မြန်မာလုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သည် ကျောက်စိမ်း နှင့် ကျောက်မြတ် လိုင်စင် အများစုအားရရှိထားပါသည်။ NLD အစိုးရမတက်မှီ လအနည်းငယ်အလိုတွင် ဤလုပ်ငန်းစုသည် ဤအရင်းအမြစ်များအားပိုင်ဆိုင်ရန် စိုးရွံ့စွာ လိုင်စင်များအား ရရှိရန် ပြုလုပ်ခဲ့ပါသည်။ 

  • မြန်မာတပ်မတော်နှင့် ၎င်း၏ ခေါင်းဆောင်များ၊ မိသားစုဝင်များ နှင့် စီပွါးဖက်များသည် ဤအရင်းအမြစ်လုယက်ချင်းကြောင့် အဓိက အကြိုးခံစားခွင့်ရရှိခဲ့ပါသည်။ NLD သည် ဤလုပ်ငန်းအားပြုပြင်ပြောင်းလဲရန် ကြိုးစားသော်လည်း ဤ အကျင့်ပျက်ခြစားမှု များသည် တပ်မတော်၏ထိပ်သီး ပုဂ္ဂိုလ်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မိသားစုမှအစပါဝင်ခဲ့ပါသည်။ ဤ ဗိုလ်ချုပ်မှူးကြီးသည် ရိုဟင်ဂျာများ အပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် US နှင့် UK ၏နာမည်ပျက်စာရင်းတွင်အထည့်ခံရပြီး ကျောက်စိမ်းနှင့်ပတ်သက်သော လာဘ်ပေးလာဘ်ယူမှု နှင့်အစွပ်စွဲခံထားရသည်။

  • မှောင်ခိုလုပ်ငန်းများ ပိုမိုများပြားလာ၍ ဖားကန့်တွင် တူးဖော်ရသောကျောက်စိမ်း ၉၀ ရာခိုင်နှုန်းအထိ မြန်မာပြည်တွင်းသို့ တရားဝင်စနစ်ကျစွာ မရောက်ရှိဘဲ တရုပ်ပြည်သို့ မှောင်ခိုကူးမှုအားဖြင့် ရောက်ရှိခဲ့ပါ၏။ ထို့ကြောင့် ကချင်ပြည်နယ်၏ ချမ်းသာကြွယ်ဝသော သတ္တုအားဖြင့် မြန်မာပြည်နှင့် ကချင်လူမျိုးများ အတွက်အကျိုးရလဒ်ရရှိချင်းမရှိခဲ့ပါ။

  • တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့ များစွာသည်လည်း ဤကျောက်စိမ်းကုန်သွယ်ရေးတွင် ပါဝင်လာကြပါသည်။ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ဖားကန့်တွင်ပိုမိုကြီးစိုးလာပြီး၊ ကျောက်စိမ်းသည် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်၏ အဓိက ဝင်ငွေဖြစ်လာခဲ့ပါ၍၊ ဤလုပ်ငန်းမှရရှိသော ဝင်ငွေများသည် ရက္ခိုင့်တပ်တော် ပေါ်ပေါက်လာရန် အထူးအထောက်အကူဖြစ်ခဲ့ပါသည်။ ဤလုပ်ငန်းသည် လက်နက်ကုန်သွယ်မှုများ ဖြစ်ပေါ်လာစေခဲ့ပါသည်။ ဥပမာ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီသည် လက်နတ်များအား အခွန်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် သို့ပေးပို့ပြီး ဤလက်နတ်များအား  ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်သည်  ရက္ခိုင့်တပ်တော် သို့ပြန်လည်ရောင်းချပါသည်။

  • ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ့ ကျောက်စိမ်းတူးဖော်သော ဒေသများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် များကြား တိုက်ခိုက်မှုပိုမိုပြင်းထန်လာပြီး ဤဖြစ်ရပ်များအားဖြင့် ၎င်းအကျိုးအမြတ်များသော ကျောက်စိမ်းလုပ်ငန်းအား လက်နတ်ကိုင်အဖွဲ့များ ဆုပ်ကိုင်နေချင်းသည် အဘယ်လောက် အန္တရာယ်များသည်ကို တွေ့ရှိရပါသည်။ အာဏာသိမ်းချင်းကြောင့် တပ်မတော်မှ လာဘ်ပေးလာဘ်ယူမှု နှင့် အဂတိလိုက်စားမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် သတ္တုတူးဖော်ရေး လိုင်စင်များပေးချင်း အပေါ်ထိန်းချုပ်နိုင်ပြီး ၎င်းတို့၏ မဟာမိတ်များအား လိုင်စင်များပေးဝေချင်း အားဖြင့်နိုင်ငံရေးကိစ္စများတွင် ထောက်ခံမှုများ ပိုမို ရရှိနိုင်ပါသည်။

ဤစုံစမ်းစစ်ဆေးရေးသည် Global Witness ၏ ၂၀၁၅ ခုနှစ်တွင်ထုတ်ဝေသော Myanmar’s ‘Big State Secret’ နှင့် Lords of Jade ဆိုသည့် အစီရင်ခံစာများအပေါ်တွင်ကိုးကားထားသည်။ ဤအစီရင်ခံစာများသည် တပ်မတော်ရှိ ထိပ်သီးပုဂ္ဂိုလ်များ၊ US မှပိတ်ဆို့ခံထားရသော ဘိန်းဘုရင်များ၊ လက်နတ်ကိုင်အဖွဲ့များ နှင့် ခရိုနီကုမ္ပဏီများ သည်ကျောက်စိမ်းလုပ်ငန်းအား ဆယ်စုနှစ်များစွာ တပ်မတော်၏ လျှို့ဝှက်စွာကိုင်တယ်ထားချင်းကြောင့် မည်ကဲ့သို့ အထူးခံစားခွင့်များရရှိသည်ကို ဖော်ပြခဲ့ပါသည်။

အကြံပြုချက်များ

မြန်မာပြည်၏မကြာသေးမီက စစ်အာဏာသိမ်းမှုကြောင့် ဤကျောက်စိမ်းလုပ်ငန်းအားပြုပြင်ပြောင်းလည်းရေးလုပ်ရန်ပိုမိုခက်ခဲလာသည်။တပ်မတော်သည် ဤကျောက်စိမ်းလုပ်ငန်းအားဖြင့်အဓိကအကျိုးခံစားခွင့်ရသော အဖွဲ့အစည်းများမှ အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် NLD ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အား ဆက်လက်လုပ်ဆောင်ရန် အကြောင်းမရှိပါ။

သို့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သော ပြည်တွင်း တော်လှန်ရေးလှုပ်ရှားမှုများသည် မြန်မာတပ်မတော်အား ကျောက်စိမ်းလုပ်ငန်းအားဖြင့် ရရှိသော အကျိုးအမြတ်များအား ဖြစ်နိုင်သ၍ကန့်သတ်နိုင်ပြီး ကျောက်စိမ်းလုပ်ငန်း၏ အနာဂတ်တွင် တပ်မတော်အား ဖယ်ရှားပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များပြုလုပ်ပြီး နိုင်ငံတော်၏ ဓတ်သတ္တုကြွယ်ဝချင်းကို မျှတစွာခွဲဝေနိုင်သည်။

  • နိုင်ငံတကာအသိုင်းအဝိုင်းသည် တပ်မတော်၏ တရားမဝင်သော အာဏာသိမ်းမှုအား တရားဝင်အသိအမှတ်ပြုချင်း မရှိရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အားတရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ပါကြောင်း။ နိုင်ငံတကာအသိုင်းအဝိုင်းသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံပြီး ၎င်း၏ကိုယ်စားလှယ်များအား မြန်မာနိုင်ငံပါဝင်သည့် ဒေသဆိုင်ရာ နှင့် နိုင်ငံတကာဆိုင်ရား အစည်းအဝေးများသို့ ဖိတ်ခေါ်သင့်ပါသည်။

  • နိုင်ငံတကာအသိုင်းအဝိုင်းသည် တပ်မတော်၏အာဏာဆက်လက်တည်မြဲချင်း မရှိရန်နှင့် တပ်မတော်နှင့်ပတ်သက်သော စီးပွါးရေးလုပ်ငန်းများအား ပိတ်ဆို့မှုများ ဆက်လက်ရှိနိုင်ရန် အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ကျောက်စိမ်းနှင့်ကျောက်မြတ်လုပ်ငန်းတွင် မြန်မာ့ကျောက်မြတ်လုပ်ငန်း နှင့် တပ်မတော်လုပ်ငန်းစုကြီးများဖြစ်သော မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း နှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် များအားပိတ်ဆို့ချင်းနှင့် ကျောက်စိမ်းနှင့်ကျောက်မြတ်များအား တင်သွင်းချင်းများ ကန့်သတ်သင့်သည်။

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင် နှင့် ရှမ်းသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ ဖယ်ဒရယ်မှုဝါဒနှင့်ညီသော အားလုံးပါဝင်နိုင်သည့် အနာဂတ် ကျောက်စိမ်းလုပ်ငန်းကို အကောင်ထည်ဖော်ရမည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ကျောက်စိမ်းလုပ်ငန်းတွင် တပ်မတော် ပြုလုပ်မည့် လိုင်စင်ပြန်လည်ပေးချင်းများ နှင့် အနာဂတ်တွင်ပြုလုပ်မည့် ကျောက်မြတ် ပြပွဲများအား ကြိုတင်တုံ့ပြန်နိုင်ရန် ပြင်ဆင်ရမည်။ နောက်ဆုံးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းအနေဖြင့် တပ်မတော်နှင့် ဘယ်လိုကွာဟကြောင်းနှင့် လိုင်စင်ပေးချင်းများနှင့် မြန်မာ့ကျောက်မြတ်လုပ်ငန်း များအား ပြုပြင်ပြောင်းလဲရေးများ မည်သို့ပြုလုပ်သွားမည်ကြောင်း ကြေညာသင့်သည်။

  • ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) သည် ကချင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဒေသခံအသိုင်းအဝိုင်းများ နှင့် နိုင်ငံရေးပါတီများ နှင့် အတူလက်တွဲပြီး ကချင်ပြည်နယ်ရှိ ပြည်သူများအား အကျိုးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင်အား ကာကွယ်နိုင်သော ဖယ်ဒရယ်ဝါဒနှင့်ညီသော သဘာဝအရင်းအမြစ်ဆိုင်ရာ အသေးစိတ်အစီအစဉ် နှင့်တကွ အနာဂတ်တွင် ရည်ရှေ အရင်းအမြစ် စီမံခန့်ခွဲမှု ပါဝင်သော ကျောက်စိမ်းတူးဖော်ချင်းနှင့် သက်ဆိုင်သော မှုဝါဒများအား အကောင်ထည်ဖော်ရမည်။

  • နိကုန်းအနေဖြင့် အနာဂတ် တရားဝင် မြန်မာအစိုးရ၏ ခေါင်းဆောင်များမှာ သဘာဝအရင်းအမြစ်များသည် မြန်မာနိုင်ငံ၏ ဆက်လက်ဖြစ်ပွါးနေသောပဋိပက္ခများတွင် အခြေခံအကြောင်းတရားတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုသင့်ပြီး ဒေသခံများ၏ အခွင့်အရေးကို လေးစားသော သဘာဝအရင်းအမြစ် စီမံခန့်ခွဲချင်းနှင့် သက်ဆိုင်သော အငြင်းပွါးမှုများအား ဖြေရှင်းနိုင်ရန် သစ္စာရှိစွာလုပ်ဆောင်ရမည်။ ကျောက်စိမ်းလုပ်ငန်း နှင့် မြန်မာ့စီပွါးရေး တစ်ခုလုံးမှ လက်နတ်ကိုင်များသည် နုတ်ထွက် သို့မဟုတ် ဖယ်ရှားခံရရန် အရေးကြီးသည်။